အာရှ၊ ပစိဖိတ်နဲ့ သြစတြေးလျနိုင်ငံမှ သတင်း၊ မျက်မှောက်ရေးရာအကြောင်းများ
ဤလူမှုကွန်ယက်ဝဘတ်ဆိုက်သည် သြစတြေးလျအသံလွှင့်ကော်ပိုရေးရှင်း (အေဘီစီ)၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ ဖြစ်ပါသည်။ ရေဒီယိုသြစတြေးလျသည် သြစတြေးလျအသံလွှင့်ကော်ပိုရေးရှင်း (အေဘီစီ)၏ အပြည်ပြည်ဆိုင်ရာအသံလွှင့်ဌာနခွဲဖြစ်ပြီး အသံထုတ်လွှင့်မှုသာမက၊ အွန်လိုင်းစာမျက်နှာ၊ ဒီဂျစ်တယ်ကနေတဆင့်လည်း အာရှ၊ ပစိဖိတ်နှင့် သြစတြေးလျနိုင်ငံမှ အကြောင်းရာတွေကို ထုတ်လွှင့်လျက်ရှိပါသည်။
ထုတ်လွှင့်ချက်များတွင် သတင်း၊ သတင်းဆောင်းပါး၊ မျက်မှောက်ရေးရာအကြောင်းအပြင် အပြန်အလှန်ပြောဆိုဆွေးနွေးခန်းများကို ကမ္ဘာတလွှားမှ သောတရှင်များအတွက် ထုတ်လွှင့်ပေးနေပါသည်။
နေ့စဉ်နှင့်အမျှ သတင်း၊ မျက်မှောက်ရေးရာနှင့် ရေဒီယိုအစီအစဉ်များကို ပုံမှန် တင်ပေးနေပါသည်။ အကယ်၍ သတင်းများအပြင် မိမိ၏ အမြင်နှင့်သဘောထားများကို ဖော်ပြလိုပါက ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် ဝင်ရောက်ရေးသား၊ ဆွေးနွေးနိုင်ပါသည်။
ဖေ့စ်ဘွတ်မှတဆင့် သောတရှင်များ၏ အမြင်၊ သဘောထားများကို သိလိုသည့်အတွက် ဖေ့စ်ဘွတ်မှတဆင့် ဆက်သွယ်ကြဖို့လည်း တိုက်တွန်းလိုပါသည်။သို့သော် ရေဒီယိုသြစတြေးလျက သတ်မှတ်ထားသည့် လိုက်နာရန်စည်းကမ်းများကိုလည်း အသိအမှတ်ပြုဖို့လိုပါသည်။ စည်းကမ်းကို လိုက်နာမှုမရှိသည့် မှတ်ချက်များကို ဖယ်ရှားသလို စည်းကမ်းချိုးဖောက်သည့် ဖေ့စ်ဘွတ်အကောက်များကိုလည်း ပိတ်ပင်မှာ ဖြစ်ပါတယ်။ လိုက်နာရန်စည်းကမ်းများကို အင်္ဂလိပ်ဘာသာဖြင့် အောက်ပါလင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။
http://www.radioaustralia.net.au/international/community-guidelines
http://www.abc.net.au/conditions.htm
http://www.abc.net.au/conditions.htm#Communities
http://radioaustralia.net.au/